Saturday, December 5, 2009

မိုက်နောင်တ

ပတ်ဝန်းကျင်နဲ့ အရာအားလုံးကို
မေ့ပျောက်လောက်အောင်
ပန်းတစ်ပွင့်ကို မြတ်နိုးလိုက်မိတယ်၊

ကျွန်တော်မြတ်နိုးတဲ့ ပန်းတစ်ပွင့်ကို
လက်လှမ်းယူဖို့ ကြိုးစားလိုက်တာ
မေမေနဲ့ မွေးချင်းအားလုံးကို
စုံကန်လိုက်မိတဲ့ အထိပေါ့၊

ဘဝတစ်ခုရဲ့ ပန်းတိုင်ဆီကို
ယုံကြည်မှုတွေနဲ့ လျှောက်လှမ်းခဲ့တာ
ပန်းတစ်ပွင့်ကို မျှော်လင့်လို့ပေါ့၊

မိခင်ဝမ်းကလွတ်ခါစ ကလေးတစ်ယောက်ရဲ့
ပထမဆုံးချေတစ်လှမ်းမှာ
ခလုပ်တိုက်မိလို့ ကျလာတဲ့မျက်ရည်တွေက
ဘဝတစ်ခုလုံးကို သေဆုံးသွားတဲ့ထိပေါ့၊

ပန်း.........
ကျွန်တော်
မနမ်းခင်က နွမ်းနေရင်လဲ ကျေနပ်ပါတယ်
မေမေပြောခဲ့ဖူးတာပေါ့
“မကြုံဖူးတော့ ရှုးတတ်တယ်
သမင် ဆယ်လှမ်း ကျားတစ်လှမ်း”တဲ့၊

ကျွန်တော်ချစ်တဲ့ ပန်း..............
ခပ်လှမ်းလှမ်းပေမို့ လက်လှမ်းလို့ ကြိုးစားမိတာ
အလွမ်းမပြေသမျှ မျက်ရည်တွေက...!
ပတ်ဝန်းကျင်နဲ့ အရာအားလုံးကို
မေ့ပျောက်လောက်အောင်ပါပဲ
ပန်းတစ်ပွင့်ကို မြတ်နိုးခဲ့မိတာကိုပေါ့.............။

ဟန်ဆောင်အပြုံး

မနာမကျင်မခါးမသီးအလုပ်ပျက်အကိုင်ပျက်
ချစ်ခဲ့မိသူပါ၊

တည်တည်ကြည်ကြည်မနေတတ်ဘဲ၊

ရင်ထဲမှာအရှိတိုင်းခံစားတတ်တာ

အပေါစားဆန်တယ်တဲ့လား။

ဒါနဲ့များအမှန်ကိုမြတ်နိုးတယ်ဆို

ဘယ်သူမဆို
ပိုင်ဆိုင်ရယူဖို့
တခုတည်းအတွက်အချစ်ကို၊

ဟန်ဆောင်လိမ်ညာမတောင်းခံခဲ့တဲ့

ကိုယ့်ရိုးသားခြင်းအတွက်၊

မင်းပြန်ပေးနေတာက

ပုံရိပ်ယောင်အကြင်နာတွေလားဟင်..!

ဟန်ဆောင်တဲ့အပြုံးလေးတော့ပြုံးပြလိုက်ပါကွာ

ခါးသီးမှုတွေပြေပြောက်ဖို့တွက်ကိုပေါ့...........။

သိပါစေ

လွမ်းတတ်ချင်လို့ ချစ်ခဲ့ကြတာမဟုတ်ဖူး
ချစ်ရင်းနဲ့လွမ်းတတ်သွားကြတာ၊

အသဲကွဲဖို့မုန်းပြစ်လိုက်တာမဟုတ်ဖူး

မုန်းသွားလို့ အသဲကွဲခံခဲ့ရတာပေါ့၊

စစ်မှန်တဲ့ရင်ထဲကစကားဟာ

ဘယ်အရာနဲ့မှ

ဖုံးကွယ်ဖိနှိပ်ထားလို့မရဖူး၊

ထင်ပေါ်ရင်စင်ပေါ်တက်ရစမြဲတဲ့

ခက်တာကသူ ခုထိမသိနိုင်တာ

ကျွန်တော်အချစ်တွေကိုပေါ့.....။

ဘယ်တော့မှ

နွေရိပ်ပင်အောက် စောင့်မျှော်နေခဲ့

မျှော်လိမ်နိုးနှင့် သူလာမည်လမ်း

လွင့်မျောစိတ်ကူး အဘယ်ရှိစ

သံစဉ်ချိုမြ မိုးထက်ယံသို့

တမ်းတမိသည် နွေရိပ်ဆီမှ

သူဘယ်တော့မှ.....